Home\For parents\Languages\သင့်ကို GenV တွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။
Back သင့်ကို GenV တွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။

သင့်ကို GenV တွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။

GenV ဆိုသည်မှာ ဩစတြေးလျတွင် အကြီးမားဆုံး ကလေးဘဝသုတေသနလေ့လာရေး စီမံကိန်းတစ်ခု ဖြစ်သည်။

GenV ၏ မိဘ/အုပ်ထိန်းသူဆိုင်ရာ အချက်အလက် ထုတ်ပြန်ချက်

ဤစာမျက်နှာက သင် ပါဝင်လိုခြင်းရှိမရှိ ဆုံးဖြတ်နိုင်ရန် GenV နှင့်သက်ဆိုင်သည်အားလုံးကို သင့်အား ပြောပြပါမည်။
သင်ဆုံးဖြတ်ချက်မချမီ သင့်အနေနှင့် အဘယ့်ကြောင့် GenV ဖြစ်ပေါ်လာသနည်းနှင့် မည်သည်တို့ ပါဝင်သည်ကို နားလည်ထားရန် လိုအပ်ပါသည်။

သင်ကလေးမွေးပြီးနောက်မကြာမီ အများအားဖြင့် ဆေးရုံတွင် သင့်ဆီသို့ GenV အဖွဲသားတစ်ဉီး လာရောက်မည် သို့မဟုတ် ဆက်သွယ်လာမည်ဖြစ်သည်။
GenV အနေနှင့် ပါဝင်သူများအတွက် အကြောင်းအရာများကို အလွယ်ကူဆုံး ပြုလုပ်ပေးသွားရန် ရည်ရွယ်ထားပါသည်။

GenV ကို ကျွန်ုပ်တို့ မည်သို့ ပူးပေါင်းမည်နည်း။
သဘောတူညီချက်ပုံစံတွင် သင်လက်မှတ်ရေးထိုးပြီး ထိန်းသိမ်းထားရန်အတွက် သင့်အား မိတ္တူတစ်စောင် ကျွန်ုပ်တို့ ပေးပါသည်။
သင်သည် GenV အားလုံး သို့မဟုတ် အချို့တွင် ပါဝင်နိုင်သည်။

အကြောင်းအရာတစ်ခုစီနှင့်ပတ်သက်သည့် နောက်ထပ်အကြောင်းများကို အောက်တွင်ကြည့်ပါ

သင်သဘောတူပါက GenV ကို လက်မှတ်ရေးထိုးသည့်အချိန်နှင့် သင့်ကလေး ကြီးပြင်းလာသည့်အချိန်တွင် သင်နှင့် သင့်ကလေးငယ်ထံမှ အချက်အလက် နှင့်တို့ဖတ်အချို့ ရယူပါမည်။

သင်သဘောတူပါက သင်သည် ကျွန်ုပ်တို့ထံ ပြန်ပို့မည့် နမူနာတစ်ခု သို့မဟုတ် နှစ်ခုစလုံးကို ကောက်ယူနိုင်သည်။
နမူနာယူရန်ပစ္စည်းထဲတွင် ညွှန်ကြားချက်များ ပါရှိပါမည်။

သင်၏ နမူနာယူရန်ပစ္စည်းများ သို့မဟုတ် ညွှန်ကြားချက်များ ပျောက်ဆုံးသွားပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ

သင်၏တံထွေးနမူနာ သင်၏တံထွေးနမူနာ

တံတွေးတို့ဖတ်များနှင့်ပတ်သက်၍ {ဤနေရာ} တွင် ပိုမိုဖတ်ရှုပါ။

ညွှန်ကြားချက်များအတွက် ကို နှိပ်ပါ။

ကလေးအနှီးစတို့ဖတ် GenV အနှီးစတို့ဖတ်ယူရန် ညွှန်ကြားချက်များ

ကလေးအနှီးစတို့ဖတ်အကြောင်း {ဤနေရာတွင်} ပိုမိုဖတ်ရှုပါ။

ညွှန်ကြားချက်များအတွက် ကို နှိပ်ပါ။

မိခင်နို့ယူရန်ပစ္စည်းများ GenV နို့ရည်ညှစ်ထုတ်ယူရန် ညွှန်ကြားချက်များ

မိခင်နို့နမူနာအကြောင်း {ဤနေရာတွင်} ပိုမိုဖတ်ရှုပါ။

ညွှန်ကြားချက်များအတွက် ကို နှိပ်ပါ။